Showing posts with label Marvel Universe. Show all posts
Showing posts with label Marvel Universe. Show all posts

Captain America: Civil War (2016) (Myanmar Subtitle / မြန်မာစာတန်းထိုး)

Age of Ultron အပြီးမှာ ပြန်လည်စုစည်းထားတဲ့ Avenger တွေဟာ စစ်ဆင်ရေးတစ်ခု ဆင်နွဲရင်း မတော်တဆ လူတွေသေရပြန်ပါတယ်။ Avenger တွေရဲ့ တိုက်ပွဲတိုင်းမှာ ပျက်စီးမှုတွေ များလွန်းတာကို သည်းမခံနိုင်တော့တဲ့ ကမ္ဘာကြီးဟာ သဘောတူစာချုပ်တစ်ခုကို နိုင်ငံများစွာက လက်မှတ်ထိုးပြီး UN ရဲ့ လက်အောက်မှာ Avenger တွေကို ထားဖို့ဆန္ဒပြုလာပါတော့တယ်။ ဒါကို ဆုံးဖြတ်ချက်အမှားတွေကြောင့် နောင်တရနေတဲ့ Iromman က နောက်ထပ် အမှားတွေကိုတားဆီးနိုင်ဖို့လို့ တွေးပြီး ချက်ချင်းလက်ခံနိုင်ပေမယ့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ယုံကြည်တဲ့ Captain America ကတော့ လုံးဝလက်မခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီစာချုပ်ကို အတည်ပြုနေစဉ်အတွင်းမှာပဲ အကြမ်းဖက်တိုက်ခိုက်မှု ပေါ်လာပြီး Cap ရဲ့ သူငယ်ချင်း Winter Soilder ပါဝင်ပတ်သတ်နေတယ်လို့ အားလုံးက ထင်သွားတဲ့အခါမှာ သူ့ကို ကူညီချင်တဲ့ Cap နဲ့ ဘက်ကီကို မယုံကြည်တဲ့ Tony တို့လုံးဝစိတ်ဝမ်းကွဲပြီး Avenger တွေ ဘက် တစ်ဘက် ကို ရွေးဖို့ အချိန်ကျလာတဲ့အခါမှာတော့………………. စာတန်းထိုးပြီး ပိတ်သွားတဲ့အထိကြည့်ဖို့တော့ မမေ့ကြပါနဲ့

Credit to: M-Sub Movie

Download Links
Server Quality File Size Download Link
Google Drive
HD
2 GB
Download Now

Captain America: The Winter Solider (2014) (Myanmar Subtitle / မြန်မာစာတန်းထိုး)
ဒီကားကတော့ ပထမဇာတ်ကားထက်အများကြီးပိုကောင်းပြီး Batman ၃ကားနဲ့ Avengers ပြီးရင် အကောင်းဆုံး Superhero ဇာတ်ကားဖြစ်ပါတယ်။ Man Of Steel ထက်တောင်မှ ပိုကောင်းတယ်လို့ပြောချင်ပါတယ်။
ဒီဇာက်ကားက Captain America: The Winter Solider ကာတွန်းစာအုပ်ကို အခြေခံပြီး ရိုက်ကားထားတာ ဖြစ်သလို၊ ကာတွန်းထဲက ဇာတ်ဝင်ခန်းတော်တော်များများကိုလည်း ဇာတ်ကားမှာ အသုံး ပြုထားတာတွေ့ရပါတယ်။ ဒါကြောင့် Comic ပရိတ်သတ်တွေအကြိုက်တွေ့စေမှာလည်းဖြစ်ပါတယ်။ ဒါအပြင် Captain America က ဒီကားမှာ အရင်ကားတွေထက် (Captain America: The First Avenger, Avengers) အက်ရှင်ခန်းတွေ၊ Fighting ခန်းတွေပိုများပြီး၊ Fight Scene တွေကလည်းတကယ့်ကို ပီပီပြင်ပြင် ရိုက်ကူးထားတာတွေ့ရပါတယ်။
အထူးသဖြင့် ပထမဆုံး အခန်းမှာဆိုရင် Captain America ရဲ့ Speed, Agility, Strength နဲ့ သူ့ရဲ့ Shield ကိုသုံးပြီး ရန်သူတွေကို ရင်ဆိုင်သွားတာကလည်း လက်ရှိထွက်ထားသမျှ Superheros ကားတွေအားလုံးထဲ မှာ အကောင်းဆုံး Fight Scene လို့ပြောလို့ရပါတယ်။ ကျွန်တော့်အကြိုက်ဆုံး Batman ကားတွေထဲက Fight Scene ထက်တောင်မှပိုကောင်းပါတယ်။
ဇာတ်လမ်းအားဖြင့်တော့ သာမန် အဆင့်သာရှိပေမယ့် ဒီကားက Marvel Universe ထဲမှာ ထပ်မံထွက်မယ့် Avengers: Age of Ultorn အတွက် ဇာတ်ကောင်တွေ မိတ်ဆက်ပေးခဲ့သလို၊ Marvel က DC ထက် ရုပ်ရှင်ဇာတ်ကားတွေမှာ ပိုသာနေတယ်ဆိုတာကိုပြနိုင်ခဲ့ပါတယ်။ DC က Superman, Green Lanternနဲ့ Batman ပဲထွက်ထားပြီး၊ Batman သုံးကားကလွဲရင် Superman ကလည်း သာမန်သာဖြစ်ပြီး GL က တော့ အညံ့စားကားတစ်ကားပဲဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် Flash, Wonder Woman, Aquaman, Cyborg (သို့မဟုတ်) Martian တို့ကိုလည်း ပရိတ်သတ်သိအောင်ချမပြနိုင်သေးပါဘူး။
ဒီလိုအချိန်မှာပဲ Marvel က Captain America ဇာတ်လမ်း အဆုံး Post Credit scene အနေနဲ့ Quicksilver နဲ့ Scarlet Witch တို့ အမွှာ မောင်နှမ နှစ်ယောက်ကို မိတ်ဆက်ပေးခဲ့ပါတယ်။ သူတို့နှစ်ယောက်က X-Men ကာတွန်းတွေမှာအဓိကပါဝင်သလို၊ နောက်ပိုင်း Avengers အဖွဲ့ဝင်တွေဖြစ်ခဲ့ပါတယ်။ သူတို့ရဲ့ အဖေကတော့ အားလုံး နဲ့ ရင်းနှီးပြီးသား Magneto ပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်က အသစ်ထွက်မယ့်Avengers: Age of Ultron မှာလည်း ပါဝင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် Avengers နဲ့ Captain တို့ရဲ့ ရန်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ Baron Striker ကိုလည်း မိတ်ဆက်ခဲ့သလို၊ Arnim Zola ကိုလည်း ကာတွန်းထဲက အတိုင်း ကွန်ပျူတာ Program အနေနဲ့ မိတ်ဆက်ထားပါသေးတယ်။
IMDb မှာ Rating 8.2 ရရှိထားပြီး Rotten Tomatoes မှာလည်း Tomatometer 89% ရရှိထားတာမို့ အတော်လေးကောင်းတဲ့ ဇာတ်ကားလို့ ပြောနိုင်ပါတယ်။ လက်နက်ဆန်းမျိုးစုံကို မြင်ရမှာ ဖြစ်သလို အရင်က စူပါဟီးရိုးဇာတ်လမ်းတွေလို အသားလွတ်ကြီး အစွမ်းထက်နေတာမျိုးမဟုတ်ပဲ ထက်မြက်ကျွမ်းကျင်မှုနဲ့ စွန့်စားမှုတွေကြောင့် လူစွမ်းကောင်းအဖြစ် ထိုက်တန်ကြောင်း ထည့်သွင်းပြသထားပါတယ်။ Falcon ရဲ့ တိုက်ခန်း ခိုက်ခန်း အချို့ကလွဲရင် ကျန်တဲ့ ဇာတ်ကွက်တွေကို တတ်နိုင်သရွေ့ အထူးပြုလုပ်ချက် မသုံးပဲ ဖန်တီးထားတာ တွေ့ရပါတယ်။ Captain America ရဲ့ အဓိက လက်နက်ဖြစ်တဲ့ ဒိုင်းကြီးကိုလည်း ကာကွယ်ဖို့ထက် တိုက်ပွဲဝင်ဖို့ ပိုမိုအသုံးပြုသွားတာကို တွေ့ရမှာပါ။ ရုပ်ရှင်ဝေဖန်သူတွေက Batman ရဲ့ The Dark Knight ဇာတ်ကားကို ယှဉ်နိုင်တဲ့ အရည်အသွေးရှိတယ်လို့ မှတ်ချက်ပြုထားကြပါတယ်။
(ရုပ်ရှင်မိတ်ဆက် Movie Review မှကူးယူဖော်ပြပါသည်…)
Credit to: M-Sub Movie
Download Links
Server Quality File Size Download Link
Google Drive
HD
1.6 GB
Download Now
Captain America: The First Avenger (2011) (Myanmar Subtitle / မြန်မာစာတန်းထိုး)

ကပ္ပတိန် အမေရိက ဆိုရင်တော့ အထူးညွန်းနေစရာမလိုပဲ အားလုံးသိကျပါတယ်။
မာဗယ်လ် ရဲ့ နာမည်အကျော်ကြားဆုံးဟီးရိုးတစ်ယောက်ပါပဲ။ဇာတ်လမ်း အကျဉ်းလေး
ကို ပြန်ပြောပြရမယ်ဆိုရင် စတိဗ်ရော်ဂျာဟာ နိုင်ငံ အတွက် စစ်ပွဲတွေတိုက်ခိုက် ပေးချင်တဲ့
သူတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့ သူ့ရဲ့ ခန္ဒာကိုယ် အချိုးအစား ကျန်းမာရေးအခြေအနေ
တို့ကြောင့် အကြိမ်ကြိမ် အပယ်ခံရပါတယ်။ ဒါပေမဲ့ တစ်နေ့ သိပ္ပံပညာ ရှင်တစ်ယောက်ရဲ့
ဖိတ်ခေါ်စမ်းသပ်မှု့ကြောင့် သူ့ဘဝ အကြီးအကျယ်ပြောင်းလဲ သွားပါတော့တယ်။သာမန်
လူသားတစ်ယောက်နေ စူပါဟီးရိုးတစ်ယောက်ဖြစ်သွားပါတယ်။တစ်ဖက်မှာလည်း
ဟစ်တလာ ရဲ့ တပည့်တွေက ဟိုက်ဒရာလို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းပြီး
ထူးဆန်း သဘာဝလွန်လက်နက်တွေ စမ်းသပ် အသုံးချနေပါတယ် …. စတိဗ် တစ်ယောက်
ဒီအဖွဲ့တွေကို ဘယ်လို ရင်ဆိုင် မလဲ … ဟိုက် ဒရာ ရဲ့ အထူးလက်နက် က ဘာတွေလဲ
နောက်ထွက်တဲ့ Avengers ကားတွေ နဲ့ ဘယ်လိုတွေ ဆက်စပ်နေလဲဆိုတာတွေ ကို
စိတ်ဝင်တစား ကြည့်ရမှာပါ။

Review Credit – M-Sub Movie


Download Links
Server Quality File Size Download Link
Google Drive
HD
1.4 GB
Download Now
Iron Man 3 (2013) (Myanmar Subtitle /မြန်မာစာတန်းထိုး)
The Avengers တွေ ပေါင်းစည်း မိ အပြီးမှာ နောက်ထပ် ဆက်လက် ထွက်ရှိ လာခဲ့တဲ့ ရုပ်ရှင် ဖြစ် ပါတယ် ။ တိုနီစတာ့ခ် ရဲ့ Iron Man ဇာတ်လမ်း နောက်ဆက်တွဲ ဖြစ်ပြီး လက်ရှိ အချိန် အထိ ထပ်မံ ထွက်ရှိ လာခြင်း မရှိ သေးပါဘူး ။ ထွက်ရှိ တော့ မယ်လို့လည်း မကြေငြာ တော့ ပါဘူး ။ ဒါကြောင့် Iron Man ပရိသတ်တွေ အနေနဲ့ တိုနီ ကို အားရ ပါးရ ကြည့်ရှု ဖို့ အတွက် ဒီ ဇာတ်လမ်း ကို မလွတ်တမ်း ကြည့် ရှုကြ ဖို့ တိုက်တွန်းချင် ပါတယ် ။

Download Links
Server Quality File Size Download Link
Google Drive
HD
1.7 GB
Download Now
Iron Man 2 (2010) (Myanmar Subtitle /မြန်မာစာတန်းထိုး)
Iron man ပထမဇာတ်လမ်း အဆုံးမှာ တိုနီက သူဘယ်သူလဲ ဆိုတာကို ပြောပြလိုက်ပါတယ်။ အဲဒီအတွက် တော်တော်လေး ဂယက်ရိုက်ကုန်ပါတယ်။ အစိုးရတွေရဲ့ ထုံးစံအတိုင်း တိုနီရဲ့ နည်းပညာကို လိုချင်ပါတယ်။ အမေရိကန်ရဲ့ လုံခြုံရေး မူဝါဒ အရ နိုင်ငံ ကာကွယ်ရေးကို ဦးစားပေးတဲ့ အတွက် Iron man နည်းပညာဟာ အစိုးရလက်အောက်မှာ မရှိရင်၊ တခြား မသမာသူလက်ထဲ ရောက်သွားရင် အန္တရာယ်များတယ်ဆိုပြီး တိုနီကို congress ကို ဆင့်ခေါ်ပြီး iron man နည်းပညာကို တောင်းပါတယ်။ ပြောရရင် ဒီကိစ္စနောက်ကွယ်မှာ Hammer ကုမ္ပဏီ က လက်မည်းကြီးပါ။ တိုနီရဲ့ နည်းပညာကို လိုက်တုနေကြတာတွေ ကမ္ဘာ့အနှံ့မှာ ရှိပါတယ်။ Hammer လည်း အပါအဝင်ပေါ့။ Stark နဲ့ Hammer ဆိုတာ Apple နဲ့ Samsung လိုပဲ။ Stark ကထွင်တာတွေကို Hammer က ကျိတ်ပြိုင်နေပြီး မမီလို့ အမြဲတမ်း နောက်ကျနေတဲ့ သူပါ။ (Samsung fan တွေလာပြီဗျို့ :p) အဲဒီတော့ သူတို့ပိုင်တဲ့ အမတ်နဲ့ လက်ဝါးချင်းရိုက်ပြီး ခေါ်တောင်းတာပါ။ ရသွားမှ iron man ဝတ်စုံကို ပြန်လေ့လာပြီး သူတို့ နည်းပညာခိုးမလို့ပါ။ ဒါပေမယ့် တိုနီက hack ပြီး သူတို့နောက်က ကျိတ်ပြီး iron man နည်းပညာကို ခိုးလုပ်နေတဲ့ အကြောင်းတွေကို ပြလိုက်တဲ့ အတွက် အကြံမအောင်ခဲ့ပါဘူး။
Credit to: M-Sub Movie

Download Links
Server Quality File Size Download Link
Google Drive
HD
1.7 GB
Download Now
Iron Man (2008) (Myanmar Subtitle /မြန်မာစာတန်းထိုး)
MCU လို့ အတိုကောက်ခေါ်တဲ့ Marvel Cinematic Universe စတင်ခဲ့တာ ၁၀နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ် ။ Infinity War အပြီး ပရိတ်သတ်တွေ ခန့်မှန်းချက်အရ Avenger 4 ဟာ အခုလက်ရှိ Marvel hero generation တစ်ခုရဲ့ အဆုံးသတ်ချိန်လို့ သုံးသပ်ကြပါတယ် ။ ဒီနေ့ ပြောပြချင်တာကတော့ အခုလက်ရှိ generation ရဲ့ စတင်ရာ မြစ်ဖျားခံရာ ဖြစ်တဲ့ Iron Man 1 movie အကြောင်းပဲဖြစ်ပါတယ် ။ အစိုးရဆီကို လက်နက်ရောင်းကာ ချမ်းသာကြွယ်ဝပြီး Genius ဖြစ်တဲ့ Tony Stark တစ်ယောက်ဟာ ဖခင်ဖြစ်သူတည်ထောင်ခဲ့တဲ့ Stark Industries ကို ဦးဆောင်ကာ ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနေသူတစ်ယောက်လည်းဖြစ်ပါတယ် ။ တစ်နေ့ Afghanistan မှာ missile သွားရောက် အစမ်းပြသတဲ့ Tony Stark ဟာ သူ့ရဲ့ စစ်လက်နက် formula ကိုလိုချင်တဲ့ အကြမ်းဖက်သမားတွေရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ် ။ ထိုအချိန်မှစပြီး Tony Stark ရဲ့ ဘဝဟာ ဘယ်လိုပြောင်းလဲခဲ့တယ် Hero တစ်ယောက်ဘယ်လို ဖြစ်တည်လာခဲ့လဲဆိုတာ ကတော့ ဆက်လက်ကြည့်ရှုနိုင်ပါတယ်…
.
Iron Man 1 movie ဟာ 2008 ခုနှစ်မှာ ထွက်ခဲ့ပြီး ဇာတ်ကားအတွက်ကုန်ကျစရိတ် 140 million ကုန်ကျခဲ့ရာ Box office မှာ 585.2 million ရခဲ့တဲ့အထိ အောင်မြင်ခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ် ။ IMDb မှာ 7.9ရထားကာ Rotten Tomatoes မှာလည်း 93% ရထားတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။
Credit to: M-Sub Movie


Download Links
Server Quality File Size Download Link
Google Drive
HD
1.7 GB
Download Now
Avengers: Endgame (2019) (Myanmar Subtitle /မြန်မာစာတန်းထိုး)

ပထမဆုံးအနေနဲ့ Endgame ရဲ့ သုံးနာရီဟာ ရှည်လွန်းတယ်လို့ထင်ရပေမဲ့ တကယ်တမ်းကျတော့ ကြည့်နေရင်း ကိုယ်ကိုယ်တိုင် စီးမျောသွားပြီး အချိန်ကုန်လို့ ကုန်မှန်းမသိလိုက်တဲ့ အထိကို ကောင်းလွန်းပါတယ်။Endgame ဟာ MCU ဆယ့်တစ်နှစ်တာရဲ့ အဆုံးသတ်ဆိုတာနဲ့ အညီ Iron Man (2008) က စလို့ လမ်းဖောက်ခဲ့တဲ့ MCU ရဲ့ Infinity Saga ခရီးဟာ အဆုံးကို ရောက်ရှိလာခဲ့ပါပြီ။ Endgame ဟာ ကျွန်တော့်အတွက် ခံစားချက်မျိုးစုံပေးစွမ်းနိုင်ခဲ့ပြီး စကားလုံးတွေနဲ့ ဖော်ပြဖို့မတတ်စွမ်းနိုင်တာကြောင့် review ရေးရတာ တော်တော်လေးခက်ခဲပါတယ်။Endgame မှာ ကျွန်တော်တို့ရဲ့ အကြိုက်ဆုံးဇာတ်ကောင်တွေအပြင် supporting role တွေကိုပါ role အနိမ့်အမြင့်ညီအောင် မျှပေးထားတာ တွေ့ရပါတယ်။ အစပိုင်းမှာတော့ Infinity War က အရှိန်မသေသေးတာကို ပြသွားပြီးနောက်တော့ Endgame ရဲ့ plot နဲ့ story ပိုင်းကို အဓိက focus ပြထားပါတယ်။Endgame ဟာ Infinity War လို ချဖို့ကို အဓိကမထားပဲ plot ပိုင်းကိုအဓိက ထားထားတယ်ဆိုပေမဲ့ final fight scene ကတော့ Infinity War က Wakanda battle ထက်တောင် ပိုကြာပြီး epic ဖြစ်ပါသေးတယ်။
Download Links
Server Quality File Size Download Link
Google Drive
HD
1.7 GB
Download Now
Avengers: Infinity War (2018) (Myanmar Subtitle /မြန်မာစာတန်းထိုး)

MCU ရဲ့ စတင်တည်ဆောက်ပြီး ၁၀ နှစ်မြောက်မှာ Infinity War ဆိုတဲ့ ရုပ်ရှင် ထွက်ရှိလာခဲ့ပါပြီ။ ဒီဇာတ်လမ်းဟာ ယခင်ထွက်ရှိခဲ့ပြီးတဲ့ မာဗယ်စူပါဟီးရိုးကားတွေနဲ့ ချိတ်ဆက်ထားတာမို့ အများကြီးတော့ မညွှန်းတော့ပါဘူး။ ယခင်ကားတွေကို သေချာမသိခဲ့ရင်တောင် ဒီကားထဲမှာ အတော်လေး အကျဉ်းချုံး ရှင်းပြသွားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ စကြဝဠာမှာ အကြီးဆုံးစစ်တပ်ကိုပိုင်ဆိုင်ထားတဲ့ တိုက်တန်ကြီး သားနို့စ်ဟာ အနန္တကျောက်တုံး ခြောက်တုံးကို စုစည်းပြီး စကြဝဠာရဲ့ တစ်ဝက်တိတိကို သတ်ပစ်ဖို့ ကြံစည်လာပါတယ်။ ဒီအကြံကို အဗန်ဂျာတွေ နဲ့ စကြဝဠာစောင့်ရှောက်သူအဖွဲ့ တို့ ပူးပေါင်းပြီး ကာကွယ်ကြတဲ့အခါ MCU သမိုင်းရဲ့ အကြီးဆုံး တိုက်ပွဲကြီးတွေ ပေါ်ပေါက်လာပါတော့တယ်။

Credit to: M-Sub Movie

Download Links
Server Quality File Size Download Link
Google Drive
HD
1.7 GB
Download Now
The Avengers: Age Of Ultron (2015) (Myanmar Subtitle /မြန်မာစာတန်းထိုး)

ဒီဇာတ်ကားရဲ့ အစကိုတော့ Winter Soilder ရဲ့အဆုံးကနေဆက်ထားပါတယ်။ Hydra အဖွဲ့ရဲ့လက်ထဲက Loki ရဲ့ တုတ်ကို ပြန်လည်တိုက်ခိုက်ပြီးယူလာတာကနေ စထားပါတယ်။ တိုနီစတာ့ခ်(Ironman) နဲ့ ဘရုစ်ဘန်နာ(Hulk)တို့ဟာ တောင်ဝှေးရဲ့အကူအညီနဲ့ ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းရှိတဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းမှု ပရိုဂရမ်(Ultron) ကိုတီထွင်လိုက်ပါတယ်။ ဒါပေမယ့် Ultron တကယ်နိုးထလာတဲ့အခါမှာ သူတို့မျှော်လင့်ထားတဲ့ အတိုင်းမဟုတ်ပဲ ကမ္ဘာကြီးရဲ့ အဆုံးသတ်အထိပါဖြစ်လာတဲ့အခါ သူတို့ ပြန်ပြီးရင်ဆိုင်ဖို့ကြိုးစားရပါတော့တယ်။ဒီဇာတ်ကားမှာ တိုးလာတဲ့ Avenger အသစ်တွေကိုလဲ တွေ့ရပါတော့မယ်။ ဇာတ်ကားကို ကောင်းကောင်းခံစားနိုင်အောင် အညွှန်းမှာ အများကြီးမရေးထားတော့ပါဘူး။ ဒါပေမယ် ဘယ်လောက်ပဲအများကြီးရေးပေးပေး ဘယ်လိုမှ မပြည့်စုံနိုင်တဲ့အချက်ကတော့ ဇာတ်လမ်းထဲက ပါးစပ်အဟောင်းသား ဖြစ်လောက်တဲ့တိုက်ခိုက်မှု scenesတွေပါပဲဗျာ။ ကောင်းကောင်းခံစားနိုင်ဖို့ရယ် ကောင်းကောင်းခံစားချင်တယ် ကောင်းကောင်းနားလည်ချင်တယ်ဆိုရင်တော့ ၃ ခေါက်လောက်တော့ ပြန်ကြည့်ကြပါလို့ပဲ ပရိသတ်ကြီးကို အကြံပေးလိုက်ပါတယ်ဗျာ။
Download Links
Server Quality File Size Download Link
Google Drive
HD
1.6 GB
Download Now

The Avengers (2012) (Myanmar Subtitle /မြန်မာစာတန်းထိုး)

Marvel Cinematic Universe Intro

=======================

Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။
ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။

Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။
အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။
ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။
Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး
စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။
ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, Hawkeye, Vision,Scarlet Witch,Antman,Falcon) တို့နဲ့
Spiderman, Doctor Strange, Black Panther, Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းတားဆီးကြရင်း ဖြစ်လာတဲ့ စစ်ပွဲပါ။

Infinity Stones 6 လုံးရဲ့ တည်နေရာတွေကတော့

၁. Space Stone aka Tesseract (Blue)
(Captain America: the first avenger ဇာတ်ကားမှာ နာဇီတွေဆီက လုယူရတဲ့ ကျောက်တုံးဖြစ်ပြီး
Avengers ဇာတ်ကားမှာ လိုကီက ဂြိုလ်သားတွေကို ကမ္ဘာကိုခေါ်ဖို့ ဝင်ပေါက်ဖွင့်တဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်၊
လက်ရှိကတော့ Asgard ဂြိုလ်ပေါ်မှာ သိမ်းဆည်းခဲ့ရင်း Thor: Ragnarok ကားအဆုံးမှာ လိုကီ ခိုးယူခဲ့တာကို တွေ့ရမှာပါ)

၂။ Reality Stone aka Aether (Red)
( စကြဝဠာကို Big Bang မတိုင်ခင်အထိတောင် ပြန်ပြောင်းပစ်နိုင်ပါတယ်။
Thor 2: The Dark World မှာ ပါလာခဲ့ပြီး နောက်ဆုံး credit scene မှာ Collector ဆိုသူဆီမှာ သိမ်းဆည်းထားပါတယ်)

၃။ Power Stone (Purple Orb)
( ဂြိုလ်တစ်ခုလုံးကို အသာလေးဖျက်ပစ်လို့ရတဲ့ raw power တွေပါပါတယ်။
Guardian of the Galaxy 1 မှာ ပါဝင်ခဲ့ပြီး Xander က Nova Corps စစ်တပ်လက်ထဲမှာ သိမ်းဆည်းထားပါတယ်။)

၄။ The Time Stone ( The Eye of Agomotto, Green)
( အချိန်ကို လိုသလိုအသုံးချနိုင်ပါတယ်။ Doctor Starnge ဇာတ်လမ်းမှာ ပါဝင်လာပြီး လက်ရှိ ဒေါက်တာ စထ်ရိန့်က စောင့်ရှောက်ထားပါတယ်)

၅။ Mind Stone (Yellow)
( ဉာဏ်ရည်ကို မြှင့်တင်ခြင်းနဲ့ စိတ်ညို့ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ Avengers 1 မှာ ပါဝင်ခဲ့ပြီး လက်ရှိ Vision ရဲ့ နဖူးထဲမှာ မြှပ်ထားတာပါ)

၆။ Soul Stone (Orange)
( သက်ရှိ သက်မဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ပါတယ်။ Planet Vormir မှာရှိပါတယ်။ )

အဆိုပါ ကျောက်တုံး ၆ တုံးကို သုံးနိုင်ဖို့ Infinity Gauntlet ဆိုတဲ့ လက်အိတ်ကို လိုပါတယ်။ အဲဒီလက်အိတ်ကိုတော့ Thanos ပိုင်ဆိုင်ထားပါတယ်။
ဒီလောက်ဆို Marvel Universe ကိုကြည့်ဖို့ အကြမ်းဖျဉ်းလုံလောက်ပြီ ထင်ပါတယ်။


Duration….02:04:00

Subtitle….Myanmar Subtitle (Hardsub) 

Encoder….Nyeinsaeya Aung

Credit To: M-Sub Movie



Download Links
Server Quality File Size Download Link
Google Drive
HD
1.6 GB
Download Now